Pages

Monday, March 8, 2010 at 12:10 PM |  

Starting With OOP
အခု ကွန်ပျူတာ တက္ကသိုလ်တွေမှာ သင်နေရတဲ့ OOP (Object Oriented Programming) ဆိုတာကတော့ Programming Language တစ်ခုပဲဖြစ်ပါတယ် ... Programming Language တွေဟာ အများကြီးရှိပါတယ် ... (ဥပမာ- C, C#, C++, Java, Python, Assembly, Basic, JavaScript, Pascal, etc .....) စတာလေးတွေပေါ့ .... C++ မှာတင် အများကြီးကွဲနေပါသေးတယ် .... ကျန်တဲ့ Language တွေမှာလည်း ဒီလိုပါပဲ .... ကွဲပြားမှုတွေရှိပါတယ် .... (Python Programming Language) ဟာဆိုရင် Hacker တွေ တီထွင်ထားတဲ့ Language တစ်ခုဖြစ်ပါတယ် .... ယခုလက်ရှိ C ++ Programming ဟာဆိုရင် C ကို Developed လုပ်ထားတဲ့ Language တစ်ခုဖြစ်ပါတယ် .... Programmer တွေဟာ သက်တောင့်သက်သာနဲ့ ငွေရကြတယ် .... ဒါပေမယ့် Programmer တစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း သိပ်တော့မလွယ်လှပါဘူး .... Programmer တွေဟာ ဖြတ်ထိုးဥာဏ်ရှိရတယ် ၊ တွက်ချက်နိုင်တဲ့ သင်္ချာကျွမ်းကျင်သူတွေဖြစ်ရမယ် .... ဥာဏ်ရည်မြင့်မားသူတွေလည်းဖြစ်ကြတာများပါတယ် .... ဒါပေမယ့် မည်သည့်အရာမဆို စူးစူးစိုက်စိုက် လေ့လာပြီး ကြိုးစားမယ်ဆိုရင် မည်သည့်အခက်အခဲမဆို ကျော်လွှားနိုင်မှာပါ ....


Generation of Programming Language
Programming Language တွေမှာလည်း Generation လေးတွေရှိပါတယ် ....

(1) First Generation
(2) Second Generation
(3) Third Generation
(4) Fourth Generation
(5) Fifth Generation ဆိုပြီး Generation ငါးခုရှိပါတယ် ....



(1) First Generation Programming Language
ကျွန်တော်တို့တစ်တွေရဲ့ Computer တွေဟာ Binary Code တွေနဲ့အလုပ်လုပ်ကြပါတယ် .... Binary Code တွေဟာ Digital Code အလုပ်လုပ်ပုံနဲ့ ပုံစံဆင်တူပါတယ် .... Binary Code က 1|0 နဲ့အလုပ်လုပ်သလို Digital Code က On|Off နှစ်မျိုးနဲ့ အလုပ်လုပ်ကြပါတယ် .... First Generation Programming Language မှာ Program တစ်ခုရေးသားရာမှာ 1|0 Code တွေကို အခြေခံပြီး ရေးရမှာဖြစ်ပါတယ် .... First Generation Programming Language ကို နောက်တစ်မျိုး (Machine Language) လို့ခေါ်ဝေါ်ကြပါသေးတယ် ....

(2) Second Generation Programming Language
Second Generation ကတော့ Assembly Language ကိုခေါ်ပါတယ် .... သူကတော့ Processor ကို တိုက်ရိုက်ခိုင်းတဲ့ Programming Language မဟုတ်ပါဘူး .... Assembly ဆိုတာကို Processor ကနားလည်ဖို့အတွက် Assembler ဆိုတာ လိုအပ်ပါသေးတယ် .... Assembly Language နဲ့ရေးတဲ့ Programmer ဟာဆိုရင်လည်းပဲ Hardware Coding တွေကို ကောင်းကောင်း နားလည်ထားဖို့တော့ လိုအပ်ပါမယ် .... Microprocessor ထဲမှာပါတဲ့ Register တွေလိုပေါ့ .... Assembly Language ကို ကမ္ဘာမှာ Robot Control အသုံးပြုတဲ့နေရာမှာလည်း အသုံးပြုပါသေးတယ် .... First Generation , Second Generation ကို (Low Level Language) လို့ ခေါ်ဝေါ်ကြပါသေးတယ် ....

(3) Third Generation Programming Language
Third Generation ကတော့ Hardware Code တွေကို နားလည်ဖို့တော့ မလိုအပ်ပါဘူး .... Third Generation မှာဆိုရင် ရေးသားကြရတဲ့ Programmer တွေအနေဖြင့် ပိုမိုလွယ်ကူလာတာပေါ့ဗျာ .... ဘာဖြစ်လို့လည်းဆိုတော့ သူက တော်တော်များများကို English Language နဲ့ အသုံးပြုရလို့ပါပဲ .... တော်တော်များများ လေ့လာနေကြတဲ့ C++ ဆိုတာ Third Generation Programming Language ပဲပေါ့ဗျာ ....

(4) Fourth Generation Programming Language
ကျွန်တော်တို့တစ်တွေဟာ ... C++ ဖြင့် Softwares, Games, စတာလေးတွေပေါ့ .... တော်တော်များများကို ရေးသားနိုင်ကြပါတယ် .... ဒါပေမယ့် အခု Fourth Generation ကတော့ စီးပွားရေးနဲ့ ပတ်သက်တဲ့ Software တွေရေးသားရာမှာ အသုံးပြုကြတယ် .... Software တွေကို General ဖြစ်အောင် ဖန်တီးထားခြင်းမဟုတ်ပဲ တစ်နေရာရာမှာ Focus လုပ်ထားခြင်းဖြစ်ပါတယ် .... (ဥပမာ- Web Development ဆိုလျှင် Cold Fusion, CSS ,,, Database မှာဆိုရင် SQL) စတာတွေပေါ့ဗျာ ....

(5) Fifth Generation Programming Language
Fifth Generation မှာဆိုရင် Error တစ်စုံတစ်ခုတက်လာပြီဆိုလျှင် Programmer မပါဘဲ ဖြစ်ပေါ်လည်သည့် ကိစ္စတော်တော်များများကို ဖြေရှင်းနိုင်တဲ့ Language တစ်ခုဖြစ်ပါတယ် .... Programmer တွေရဲ့ နည်းစနစ်တွေကို အသုံးချပြီး ဘာဖြစ်ရင် ဘာလုပ်မယ် ၊ သူ့ဘာသာစဉ်းစားပြီး စက်က Auto အလုပ်လုပ်မှာဖြစ်ပါတယ် ....

ကဲ ဒီလောက်ဆို Programming Language Generation တွေအကြောင်းကို နားလည်သဘောပေါက်လောက်မယ်ထင်ပါတယ်ဗျာ ....

0 comments:

Visit the Site
MARVEL and SPIDER-MAN: TM & 2007 Marvel Characters, Inc. Motion Picture © 2007 Columbia Pictures Industries, Inc. All Rights Reserved. 2007 Sony Pictures Digital Inc. All rights reserved. blogger template by blog forum