Monday, March 8, 2010
at
11:57 AM
|
| C++ Programming မစခင်မှာ ညီအစ်ကို တို့သိထားသင့်တာကတော့ Programming ဆိုတာဘာလဲ ? ... (Program, Programmer, Programming Language) စတာတွေကို တော်တော်များများ စိမ်းနေကြဦးမှာဖြစ်ပါတယ် ... အဲဒီတော့ Programming Language အကြောင်းမလေ့လာခင်မှာ Programming နဲ့ ပတ်သက်တဲ့စကားလုံးတွေကို ရင်းရင်းနှီးနှီးရှိဖို့တော့ လိုအပ်ပါလိမ့်မယ် ... Program ဆိုတာဘာလဲ ? Program ဆိုတာကတော့ (Set of instructions) လို့ခေါ်တဲ့ အမိန့်၊ ညွှန်ကြားချက်၊ ခိုင်းစေချက်တွေကို စုစည်းထားတဲ့ အစုတစ်ခုလို့ပြောလို့ရပါတယ် ... Program ဆိုတာ အကြမ်းအားဖြင့် Software လို့ပြောလို့ရပါတယ် ... ဒါပေမယ့် အတိအကျဆိုရင်တော့ မဟုတ်ဘူးပေါ့ .... အကြမ်းသဘောအဖြစ်တော့ ပြောလို့ရပါတယ် ... Software ဆိုတာကတော့ ကျွန်တော်တို့တစ်တွေ လက်ရှိအသုံးပြုနေကြတဲ့ (Mozilla Firefox, Safari, Adobe PhotoShop, Google Talk) စတာလေးတွေပေါ့ဗျာ ... အဲလို Software လေးတွေသုံးရဖို့ရန်အတွက် Program တွေရေးပေးရပါတယ် ... ဒါဆို Program ဆိုတာကို သဘောပေါက်နားလည်ကြမယ်ထင်ပါတယ် .... Programmer ဆိုတာဘာလဲ ? Programmer ဆိုတာကတော့ ကျွန်တော်တို့လက်ရှိအသုံးပြုလျက်ရှိသော Software တွေ၊ OS(Operating System) စတာတွေကို ကျွန်တော်တို့ အသင့်အသုံးပြုနိုင်အောင် အပင်ပန်းခံရေးပေးနေတဲ့ သူတွေကိုပေါ့ ... တစ်နည်းအားဖြင့် အလွယ်ပြောရရင်တော့ Program ရေးသူကို Programmer လို့ ခေါ်ပါတယ် ... (ဥပမာ- Gmail Sign In Process ကိုပဲကြည့်ဗျာ ... Username, Password ရိုက်ထည့်လိုက်ပြီး Sign In (or) Enter နှိပ်လိုက်ရင် သင့် Account ထဲကိုဝင်သွားမယ် ... ဆိုတော့ကား ... အဲလို Instructions လေးတွေပေးပြီး ရေးတဲ့သူတွေကို Programmer လို့ခေါ်ပါတယ် .... ဒီလောက်ဆို Programmer ဆိုတာကို သဘောပေါက်နားလည်ကြမယ်ထင်ပါတယ် .... Programming Language ဆိုတာဘာလဲ ? Programming Language ဆိုတာကတော့ ကွန်ပျူတာကို Instructions တွေပေးပြီး ခိုင်းစေတဲ့အခါမှာ ၊ အမိန့်ပေးတဲ့အခါမှာ Computer က နားလည်တဲ့ Language တစ်ခုနဲ့ Instructions တွေပေးမှရမယ်လေ ... Computer က နားမလည်တဲ့ Language နဲ့ ခိုင်းစေရင် Computer ကဘယ်လိုလုပ် အလုပ်လုပ်နိုင်ပါ့မလဲ .... နားလည်မယ်ထင်ပါတယ် ... Computer က English Language ကို အားလုံးနီးပါး နားလည်နိုင်စွမ်းလည်း မရှိသေးဘူးဆိုပါတော့ ... အဲဒါကြောင့် Program တစ်ခုရေးတဲ့အခါမှာ Computer က နားလည်သဘောပေါက်မယ့် Language မျိုးနဲ့ရေးမှရပါတယ် .... အဲဒီလို Computer က နားလည်တဲ့ Language ကို Programming Language (High Level Language) လို့ခေါ်ပါတယ် .... ဒီလောက်ဆို Programming ဆိုတာကြီးနဲ့ မစိမ်းနေလောက်တော့ဘူးလို့ ထင်ပါတယ်ဗျာ .... |
Posted by
Moon Light
Labels:
(Programming နှင့်ပတ်သက်သမျှ)


0 comments:
Post a Comment