Monday, March 8, 2010
at
1:37 AM
|
| ဒါလေးကတော့ Phzilla Add-One (Phproxy InBasic) လို့ခေါ်ပြီး Mozilla Firefox အတွက် Add-One လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာ .... သူကဘာအတွက်လည်းဆိုတော့ ကျွန်တော်တို့ မြန်မာက ညီအစ်ကိုတို့ Website တစ်ခုခုကို ၀င်တဲ့အချိန် မိမိဝင်တဲ့ Website ဟာ The URL you requested has been blocked. URL = (Your Website Link) အဲလိုလေးပေါ်လာတယ်ဆိုရင်တော့ သင်ဝင်လိုက်တဲ့ Website ဟာ Burn ခံထိထားတာဖြစ်ပါတယ်ခင်ဗျာ ... အဲလို Burn ထားတော့ တစ်ချို့ညီအစ်ကိုများက Schoolproxy, ischoolproxy တို့လိုမျိုး ကျော်တဲ့ Website လေးတွေနဲ့ ကျော်ကြတယ်ဗျ .... အဲလိုလုပ်လည်းရပါတယ် ... အခုဟာကကျတော့ အဲလိုမဟုတ်ဘူးဗျ .... ဒီကောင်လေးက မိမိအသုံးပြုတဲ့ Mozilla Firefox Browser မှာ ဒီကောင်လေးကို Install လုပ်ထားမယ်ဆိုရင်တော့ဖြင့် ညီအစ်ကိုတို့ ကျော်တဲ့ Website တွေ ဘာတွေ မလိုတော့ဘူးပေါ့ဗျာ ... ကဲ သင့် Browser မှာ Install လုပ်ဖို့ ဒီကို သွားလိုက်ပါခင်ဗျာ .... (Install အတွက်) (1) ပေါ်လာတဲ့ Webpage မှာ Add to Firefox ဆိုတဲ့ အစိမ်းရောင်အကွက်လေးကို Click လိုက်ပါဗျာ .... (2) ခဏစောင့်ပြီး ပေါ်လာတဲ့ Software Installation ဆိုတဲ့ အကွက်လေးမှာ Install Now ဆိုတာကို နှိပ်လိုက်ပါ .... (3) ဒါဆိုရင် သင့် Browser မှာ Install လုပ်နေပါလိမ့်မယ် .... ပြီးသွားရင်တော့ သူက Mozilla Firefox ကို Restart လုပ်ဖို့ ပြောပါလိမ့်မယ် .... (3) Restart Firefox ကိုပေးလိုက်ပါ .... (4) ပြီးရင်တော့ Firefox ပြန်ပွင့်လာလျှင် သင့် Browser ရဲ့ ညာဖက် အောက်ထောင့်မှာ P ဆိုတဲ့ပုံလေး ပေါ်နေပါလိမ့်မယ် .... (အသုံးပြုပုံ) (1) ညီအစ်ကိုတို့ ၀င်လိုက်တဲ့ Website တစ်ခုဟာ အပေါ်မှာပြောခဲ့တဲ့အတိုင်း The URL you requested has been blocked. URL = (Your Website Link) အဲလိုလေးပေါ်နေမယ်ဆိုရင်တော့ဖြင့် စောစောက P ဆိုတဲ့ပုံလေးကို တစ်ချက်နှိပ်လိုက်ရုံဖြင့် ညီအစ်ကိုတို့ ၀င်လိုက်တဲ့ Website ဟာ ကျော်ပြီးပွင့်သွားမှာဖြစ်ပါတယ်ခင်ဗျာ .... ကဲ အားလုံးအဆင်ပြေကြပါစေလို့ မျှော်လင့်ပါတယ်ဗျာ .... (ကျေးဇူးတင်ပါတယ်ခင်ဗျာ) |
Posted by
Moon Light
Labels:
(Browsers and Plug-in and Cyber Cafe Software)


0 comments:
Post a Comment